Macbook အတွက် မဖြစ်မနေသိထားသင့်တဲ့ Shortcut လေးတွေကို စုစည်း ပေးလိုက်ပါတယ်။ လိုအပ်ရင်သိမ်းထားပါ။
အခုဖော်ပြပေးလိုက်တဲ့ Shortcut လေးတွေကတော့ MacBook သုံးပြီး Error တစ်ခုခုဖြစ်လာခဲ့ရင် အလွယ်တကူဖြေရှင်းလို့ရနိုင်မယ့် Shortcut လေးတွေဖြစ်ပါတယ်။
• Power မတက်တဲ့အခါ
တစ်ခါတစ်လေ MacBook တွေမှာ Power မတက်ပဲ ဖွင့်လို့မရတဲ့အခြေနေတွေနဲ့၊ MacBook က Hang သွားပြီး Shutdown ကျသွားပြီး ပြန်ဖွင့်လို့မရနိုင်တော့ရင် အရင်ဆုံး Power ခလုတ်ကို Sec 30 လောက်ဖိထားပေးပါ။
Power ခလုတ်ကိုဖိထားရင်း Control + Option + P + R ဆိုတဲ့ Button လေးတွေကို တွဲနှိပ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ Power ပြန်ပွင့်လာမှာဖြစ်ပြီး စက်လည်း ပုံမှန်အတိုင်းအလုပ်လုပ်မှာဖြစ်ပါတယ်။
တကယ်လို့ Power ပြန်မပွင့်လာဘူးဆိုရင်တော့ နီးစပ်ရာ Service Center တစ်ခုခုမှာ MacBook ရဲ့ SSD ကို စစ်ကြည့်ဖို့ အကြံပေးပါရစေနော်။
• MacBook ကို အပြင်ပိုင်း Restart လုပ်နည်း
MacBook ကို သုံးနေရင်းနဲ့ Restart မလုပ်ချင်ဘူးဆိုရင် အပြင်ကနေ စက်ဖွင့်ရင်းနဲ့ တစ်ခါတည်း Restart လုပ်လို့ရနိုင်ပါတယ်။
ဒီလိုမျိုး လုပ်ချင်တယ်ဆိုရင်တော့ MacBook ကို Power ခလုတ်ကို နှိပ်ပြီး ပြန်လွတ်လိုက်တဲ့အချိန်မှာ Command + R ကို နှိပ်ပြီး Recovery Mode ကို ဖော်ပေးရပါမယ်။
ပြီးရင်တော့ အပေါ်ဆုံးမှာရှိတဲ့ Apple Logo လေးစီသွားပြီး Restart ဆိုတာလေးကို နှိပ်လိုက်တာနဲ့ Restart ဖြစ်သွားမှာဖြစ်ပါတယ်။
• Shutdown အမြန်လုပ်နည်း
တစ်ခါတစ်လေ အလုပ်တွေပြီးသွားလို့ ကိုယ်ကလည်း MacBook ကို အမြန်ပိတ်ချင်တဲ့အခါ ဒီ Shortcut လေးကိုသုံးလို့ရနိုင်ပါတယ်။
Command + Option + Power Button ကို နှိပ်လိုက်တာနဲ့ ချက်ချင်းပိတ်သွားမှာပဲဖြစ်ပါတယ်။
• Screenshot အမြန်ရိုက်နည်း
Screenshot ရိုက်နည်းကတော့ နှစ်မျိုးရှိပါတယ်။ Full Page Screenshot ရိုက်နည်းနဲ့ လိုအပ်တဲ့နေရာကို Crop လုပ်ပြီး Screenshot ရိုက်နည်းဆိုပြီးရှိပါတယ်။
Full Screenshot ရိုက်ချင်တယ်ဆိုရင်တော့ Command + Shift + Key 3 ကို နှိပ်လိုက်တာနဲ့ Screenshot အပြည့်ရိုက်ပေးသွားမှာဖြစ်ပါတယ်။
Crop Screenshot ရိုက်ချင်တယ်ဆိုရင်တော့ Command + Shift + Key 4 ကိုနှိပ်လိုက်တာနဲ့ လိုအပ်တဲ့ နေရာကို Crop လုပ်ပြီး Screenshot ရိုက်နိုင်မှာပါ။
• Brightness/ Volume ကို လိုသလို ချိန်နည်း
ပုံမှန်ဆိုရင် MacBook မှာ Brightness တို့ Sound Volume တို့တင်ရင် တစ်တုံးချင်းစီပဲ တင်လို့ရတာပါ။ ဒါပေမယ့် ဒီ Shortcut လေးသာ သိထားရင်တော့ Brightness/ Volume တို့ရဲ့ အတုံးတစ်ခုချင်းစီကို စိတ်ကြိုက်ကစားလို့ရနိုင်မှာဖြစ်ပါတယ်။
ဒီလို စိတ်ကြိုက်ကစားချင်တယ်ဆိုရင် Option + Shift + Brightness/ Volume Key တို့ကို နှိပ်လိုက်တာနဲ့ အတုံးတစ်တုံးချင်းစီရဲ့ တစ်ဝက်စီကို ဖြေးဖြေးချင်းချပေးမှာဖြစ်ပါတယ်။
ပုံမှန် Brightness Level အတိုးအလျော့လုပ်တာထက်ကို ပိုပြီး ထိရောက်တဲ့ Adjust လုပ်နည်းလေးဖြစ်လို့ ဒီ Macbook Shortcut လေးကို စမ်းကြည့်လိုက်တော့နော်။
• Screen Record လုပ်နည်း
MacBook အသုံးပြုတဲ့ User တော်တော်များများကတော့ Mac တွေမှာ Screen Record ဘယ်လိုလုပ်ရလဲ မသိကြပါဘူး။
Screen Record လုပ်ချင်တယ်ဆိုရင် Command + Shift + Key 5 ကို နှိပ်လိုက်တာနဲ့ Option တွေရွေးဖို့ ပေါ်လာမှာဖြစ်ပြီး Crop လုပ်ပြီး Record လုပ်မှာလား ဒါမှမဟုတ် Full record ပဲလုပ်မှာလားဆိုပြီး နှစ်သက်ရာကို ရွေးချယ်ကာ Record လုပ်နိုင်ပါတယ်။
ဒါလေးတွေ အကုန်လုံးက MacBook အတွက်အသုံးဝင်ဆုံး Shortcut တွေပဲဖြစ်လို့ စမ်းကြည့်လိုက်တော့နော်။
#Tingtoung #MacBook #TipsandTrick #Shortcut #MacUser #Myanmar
တဂ်:MacBook
မှတ်ချက်တစ်ခုရေးပါ