1. Dark Mode App icon
iOS 18 ရဲ့ Dark Mode မိုက်ချက်ကတော့ အရောင်တွေချိန်ထားတာနဲ့တင် Premium ဆန်တယ်ခံစားရစေပါတယ်။ icon လေးတွေပါ အရောင် ပြောင်းလို့ရသွားတော့ ပိုမိုက်သွားပါတယ်။
ဒီလိုပြောင်းဖို့အတွက်ဆိုရင်တော့ အရင်ဆုံး Home Screen ကို ဖိထားလိုက်ပြီး Edit ကို နှိပ်လိုက်တာနဲ့ ရပါပြီ။
2. Lock Screen
Lock Screen မှာအရင်တုန်းကတော့ Flashlight နဲ့ Camera Option တွေပါပေမယ့် ပြောင်းလို့မရပါဘူး။ ဒါပေမယ့် iOS 18 ရောက်ပြီးတော့ Feature တွေ ပြောင်းလို့ရသွားတဲ့အပြင် Flash နဲ့ Camera နေရာတွေမှာ App တွေပါ Add လို့ရနိုင်မှာဖြစ်ပါတယ်။
3. Control Center Feature
Control Center မှာ အခုဆိုရင် အရင်လို မဟုတ်တော့ပဲ စက်ဝိုင်းပုံစံလေးပြောင်းသွားပြီး icon အကြီးအသေးနဲ့ လိုအပ်တဲ့ Feature တွေပါ ထပ်ပေါင်းထည့်လို့ရနိုင်သွားပြီဖြစ်ပါတယ်။
4. Phone Call Feature
iOS 18 မှာ Phone App နဲ့ ပတ်သက်ပြီး ပြောင်းလဲမှုဆိုရင် 09 ဆိုပြီးရိုက်လိုက်တာနဲ့တင် ဖုန်းနံပါတ်တွေ ကျလာအောင်လုပ်ပေးတဲ့အပြင် Call History တွေကို Search လုပ်ပြီး ပြန်ရှာလို့ရနိုင်မှာဖြစ်ပါတယ်။
5. Camera Feature
iOS 18 မှာ အခုဆိုရင် Video ရိုက်နေတုန်း နောက်ခံ Background Sound လေးဖွင့်ထားပြီးရိုက်နိုင်ပါပြီ။ အရင်တုန်းက ကျော်ခွပြီးမှ ရတာဖြစ်ပေမယ့် အခုကတော့ Settings > Camera > Record Sound > Allow Audio Playback ဆိုတာလေးကို ဖွင့်ပေးလိုက်တာနဲ့ ရပါပြီ။
တော်တော်လေးမိုက်တဲ့ feature တွေ ပါဝင်လာလို့ စမ်းကြည့်ချင်တယ်ဆိုရင်တော့ အခုပဲ စမ်းကြည့်လိုက်တော့နော်။
#tingtong #case #macbookcase #macbook #iPhone #iphoneonly #iphone16
တဂ်:iOS
မှတ်ချက်တစ်ခုရေးပါ